Skip to main content

Jetstream မင်သည် အလွန်ချောမွေ့ပြီး လျင်မြန်စွာ ခြောက်သွေ့ရုံသာမက ဘယ်သန်ပုဂ္ဂိုလ်များအတွက်လည်း သင့်လျော်ပါသည်

အကြံပြုသည့်အချက်

  • လျင်မြန်သော ခြောက်သွေ့နှုန်း
  • ထင်ရှားသိပ်သည်းသော လိုင်းများ

ကမ္ဘာ့ပထမဆုံး စွဲလမ်းဖွယ်ရာ ချောမွေ့မှု

သမားရိုးကျ ဆီအခြေပြု မင်များမှာ ပျစ်ကျဲမှုမြင့်မားသောကြောင့် စာရေးသားရာတွင် လေးလံစေပါသည်။ ဤအသစ်တီထွင်ထားသည့်မင်ဖြင့် အထူးပေါ့ပါးစွာ ရေးသားနိုင်မည် ဖြစ်ပါသည်။

အလွန်လျင်မြန်စွာ ခြောက်သွေ့ခြင်း

Jetstream မင်သည် စာရွက်ကို အလွယ်တကူ ထိုးဖောက်စွဲထင်နိုင်ပြီး လျင်မြန်စွာ ခြောက်သွေ့သွားမည် ဖြစ်ပါသည်။ ထို့အတွက်ကြောင့် သမားရိုးကျ ဆီအခြေပြုမင်များတွင် အဖြစ်များသည့် ပြဿနာတစ်ခုဖြစ်သော စာရေးပြီးနောက် စာရွက်ကိုထိလိုက်လျှင် လက်ကိုမင်ပေခြင်းအတွက် စိတ်ပူရန် မလိုတော့ပါ။